Local News

ဧည့်မထဆန်(ဟောင်း)နှင့် ဆန်ကွဲဈေးကျ၊ ဧည့်မထဆန်(သစ်) ဈေးအနည်းငယ်မြင့်တက်

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ (၂၆.၄.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ်လျှင် (၉၀၀၀ဝိ/-)ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်) တစ်အိတ်လျှင် (၇၃၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ်လျှင် (၅၅၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ်လျှင် (၅၄၀၀ဝိ/-) ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၁၅၃၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၃.၅.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ်လျှင် (၈၀၀၀ဝိ/-)ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်) တစ်အိတ်လျှင် (၇၅၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-) ကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ်လျှင် (၅၃၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ်လျှင် (၅၁၀၀ဝိ/-) ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၁၅၃၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ်လျှင် (၁၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ်လျှင် (၂၀၀ဝိ/-)ကျပ်နှင့် ဆန်ကွဲ B(2,3,4) တစ်အိတ်လျှင် (၃၀၀ဝိ/-)ကျပ်တို့ ဈေးကျဆင်းခဲ့ပြီး ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ်လျှင် (၂၀၀ဝိ/-) ကျပ် ဈေးမြင့်တက်ခဲ့ပါသည်။ ပေါ်ဆန်းမွှေးဆန်နှင့် ဖွဲနုဈေး အနေဖြင့် ဈေးတည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)(ဟောင်း)နှင့် ဆန်ကွဲ ဈေးကျဆင်းသွားခြင်းမှာ ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပြီး ဧည့်မထဆန်(မနောသုခ)(သစ်) ဈေးမြင့်တက်သွားခြင်းမှာ ဝယ်လိုအား များလာခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News